ဘဝ ဘဝ

January 10, 2026 admin

အသက်အရွယ်တစ်ခု ရောက်လာတော့ ကိုယ်ရှိနေကြောင်း ပြရတာမျိုးတွေကို သိပ်မလုပ်ချင်တော့ဘူး။အသက်က စကားပြောတယ်လေ ….မေ့နေတဲ့ သူတွေကိုလည်း မေ့တဲ့အတိုင်းပဲ ထားလိုက်တယ်။ ကိုယ်ကိုယ်တိုင်လည်းလူတချို့ကို မေ့နေခဲ့တာပဲ။ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ပြီး ဇာတ်မြှုပ်နေရတာမျိုးကိုပဲ သဘောကျတော့တယ်။မုန်လာဥလေးလို ကိုယ်ရှိနေကြောင်း ပြလိုက်မှ ရလာတဲ့ သတိရမှုမျိုး။ကိုယ်အသံပြုလိုက်မှ ရောက်လာတဲ့ ဆက်ဆံရေးမျိုးတွေကိုလည်း မလိုချင်တော့ဘူး။သူများလည်း မပင်ပန်းစေချင်ဘူးကိုယ့်ကိုကိုယ်လည်း မပင်ပန်းစေချင်လို့ ဆယ်ကျော်သက်လည်း မဟုတ်တော့သလို၊ကလေးစိတ်တွေလည်း ကုန်ခဲ့ပြီပဲ။ ကိုယ်ရှင်သန်ရာ ရပ်ဝန်းမှာ အဆင်ပြေပြေလျှောက်နိုင်ဖို့ကိုပဲ အာရုံစိုက်ရတော့တယ်။ မတွေ့တာကြာသွားတဲ့အပေါင်းသင်း သူငယ်ချင်းတွေကို ရုတ်တရက် ပြန်တွေ့ရင် ခဏတာ အံ့ဩပျော်ရွှင်သွားမယ်။ နောက်တော့လည်း နေသားကျသွားမယ်။တချို့ကို ပြန်တွေ့ရင်တောင်မှတ်မိချင်မှ မှတ်မိလိမ့်မယ်။အချိန်ရဲ့ တိုက်စားမှုတွေ၊ သက္ကရာဇ်ရဲ့ ဝါးမျိုမှုတွေကြောင့် အတိတ်တချို့ကို မေ့ကောင်း မေ့သွားနိုင်တယ်။တစ်ချို့ဟာတွေဆို Delete လုပ် …